နှစ်သစ်ကူးမှာ အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ဖြစ်ချင်တာတွေ ဖြစ်ပြီး၊ မဖြစ်ချင်တာတွေ မဖြစ်ပါစေနဲ့လို့ ကျွန်တော်တို့ရင်ခုန်သံအဖွဲ့သားတွေ အားလုံးက ဆုတောင်းပေးလိုက်ပါတယ်။ အတွေး သစ်တွေ၊ စိတ်ကူးအသစ်တွေနဲ့ ၂၀၀၉ ခုနှစ်ကို အကောင်းဆုံးဖြစ်အောင် ရင်ခုန်သံပရိတ်သတ်တွေ အား လုံးပဲ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ အခုဒီတစ်ပတ်တော့ နှစ်သစ်ကို အချစ်သီချင်းလေး တစ်ပုဒ်နဲ့ စပြီးတော့ဖွင့်လှစ်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူသားတိုင်းရဲ့စိတ်ထဲမှာ မရှိမဖြစ်လိုအပ် တာကချစ်ခြင်းမေတ္တာဖြစ်နေလို့ပါ။ ကိုယ့်ချစ်တဲ့သူက လုပ်ခိုင်းလို့၊ ပြုပြင်ခိုင်းလို့ ပြုပြင်ပြောင်းလဲသွား တဲ့လူတွေက ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လက်ညှိုးထိုးမလွဲအောင် အများအပြားရှိပါတယ်။ ဒါကြောင့် ဒီလိုနှစ်သစ်ကူးအချိန်မှာ ဒီလိုအချစ်သီချင်းလေးကို နားထောင်ရင်းနဲ့ စစ်မှန်တဲ့အချစ်တွေ ပိုင်ဆိုင်နိုင်ပါ စေ လို့ ကျွန်တော်တို့က ဆုတောင်းပေးလိုက်ပါတယ်။
Vocalist - မျိုးကျော့မြိုင်၊ ကောင်းမြတ်
![]() |
![]() |
![]() |


