လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
| အနုပညာလောကနဲ့ အဆက်ပြတ်နေပေမယ့် အနုပညာသံယောဇဉ်မကုန်နိုင်သေးဘဲ အနုပညာအလုပ်တွေကို တတ်နိုင်သလောက် လုပ်တတ်တဲ့၊ ကြည်ပြာရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိတ်သတ်တွေရဲ့ အကြင်နာ၊ ကရုဏာကို အခိုင်အမာရရှိခဲ့ပြီး အဲ့ဒီဇာတ်ကားကြီးမှာပဲ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့တဲ့ အကယ်ဒမီမေ၀င်းမောင် |
| View Detail Listen Song |
Presented By ဇွန်ဝေဖြိုး
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
| သမီးတို့ရဲ့ Popular’s Choice အစီအစဉ်အတွက်ပေါ့နော်။ အမ မြန်မာပြည်ကိုရောက်တုန်းအချိန်လေးမှာ သမီးတို့အတွက်လည်း အကူအညီလေး တောင်းချင်တယ် အမရယ်။ သမီးတို့ ဒီ Popular’s Choice အစီအစဉ်လေးက အနုပညာရှင်တွေ သူတို့ငယ်ငယ်လေးကနေ အခုချိန်အထိ စွဲလမ်းနှစ်သက်ခဲ့ရတဲ့ သီချင်းလေးတွေအကြောင်းကို ပြောပြပေးနေတဲ့ အစီအစဉ်ပေါ့နော်။ အမ အနေနဲ့လည်း သမီးတို့အစီအစဉ်အတွက် သီချင်းလေးတွေ ရွေးပေးပါအုံး။ ပထမစစချင်း ဘယ်လိုသီချင်းမျိုးလေးကို ရွေးပေးမလဲမသိဘူး။ |
| ကျွန်မ ပထမဆုံး ပိတောက်ရိပ်ဝယ်ဆိုတဲ့ သီချင်းလေးကို ရွေးချင်ပါတယ်။ |
| အဲ့သီချင်းလေးကိုရော ဘယ်လိုအကြောင်းအရာမျိုး ဘယ်လိုခံစားချက်မျိုးနဲ့ ရွေးပေးတာလဲရှင့်။ |

| အခုချိန်လေးက သင်္ကြန်ချိန်လေးလည်း နည်းနည်းနီးလာပြီပေါ့နော်။ ပိတောက်ရိပ်၊ ပိတောက်ငွေ့လေးတွေကလည်း နည်းနည်းမြင်လာရပြီဆိုတဲ့ သဘောလေးလည်းရှိတဲ့အချိန်မှာ ဒီသီချင်းလေးကို သတိရလိုက်တယ်။ ဒီသီချင်းလေးက ကျွန်မ ဟိုးငယ်ငယ် ၈ နှစ်၊ ၉ နှစ်လောက်ပဲ ရှိပါအုံးမယ်။ အဲ့အချိန်လောက်က ကျွန်မအဖေက မှော်ဘီလေထီးသင်တန်းကျောင်းမှာ ကျောင်းအုပ်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်စဉ်က ဒီသီချင်းကိုဆိုခဲ့တဲ့ ဦးဝင်းဦးကလည်း အဲ့ဒီတပ်မှာဗိုလ်တစ်ဦးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲ့လိုကနေပြီးတော့ မောင်ကိုဦးဆိုပြီးတော့ စာရေးဆရာအနေနဲ့ စတင်ပြီးဆောင်ရွက်ခဲ့ပါတယ်။ ပြီးတော့တပ်ထဲကထွက်သွားပြီးတော့ ၀င်းဦးဆိုတဲ့ နာမည်နဲ့ နှစ်ယောက်တည်းနေချင်တယ်တို့ ချစ်သောသူတစ်ယောက်တို့ စတဲ့ရုပ်ရှင်ကားတွေကို စရိုက်ရာကနေစပြီးတော့ အရမ်းနာမည်ကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဒီပိတောက်ရိပ်ဝယ်ဆိုတဲ့ ကားလေးကလည်း တစ်ခုအပါအ၀င်ပေါ့နော်။ အဲ့ဒီကားထဲမှာ ဒေါ်နှင်းဆီနဲ့ သူတို့ပိတောက်ပင်ရိပ်အောက်မှာ ဒေါ်နှင်းဆီက စိတ်မကောင်းဖြစ်တာကို ချော့ရင်းနဲ့ သီဆိုခဲ့တဲ့သီချင်းလေးပါ။ ဇာတ်ဝင်ခန်းတေးလေးပေါ့။ ဆိုတော့ သင်္ကြန်အချိန်လေးလည်း နီးလာတယ်။ ပြီးတော့ ကျွန်မအနေနဲ့ ဦးဝင်းဦးကိုလည်း ဟိုတုန်းကတည်းကလည်း ရေဒီယိုကပဲ သီချင်းတွေကလာတာကိုး အဲ့အချိန်မှာ အပြေးအလွှားနားထောင်ပြီးတော့ ခလေးပေမယ့်လည်း ကိုယ့်ဦးလေးလိုပဲ အတွေးရှိနေတော့ သံယောဇဉ်ထားတာလည်းဖြစ်တော့ သူ့ရဲ့ fan တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ နှစ်သက်စွာနားထောင်ခဲ့တဲ့သီချင်းတွေထဲက တစ်ပုဒ်အပါအ၀င်ပေါ့။ ဒါကြောင့်မို့ ဒါလေးကိုရွေးလိုက်တာပါ။ |
| ဒါဆိုလို့ရှိရင် ဒီပိတောက်ရိပ်ဝယ်သီချင်းကိုလည်း ပြန်ဆိုတဲ့လူရှိတယ် အမရယ်။ အဲ့တော့ ဦးဝင်းဦးရဲ့ version ပဲဖွင့်ပြပေးရမလား။ တခြားဘယ်သူ့ version ဖွင့်ပြပေးရမလဲ။ |
| ဦးဝင်းဦး ဆိုထားတာလေးပဲ ဖွင့်ပေးပါ။ |
ဝင်းဦး - ပိတောက်ရိပ်ဝယ်