လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
| အနုပညာခေတ်ရေစီးသမိုင်းတစ်လျှောက်မှာ အနုပညာအလုပ်မျိုးစုံကို လှုပ်ရှားလုပ်ကိုင်ရင်း အနုပညာမှတ်တိုင်မျိုးစုံကို ထူးထူးခြားခြားစိုက် ထူအောင်မြင်ခဲ့တဲ့၊ နိုင်ငံတော်ကပေးအပ်ခဲ့တဲ့ နိုင်ငံ့တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့အပြင် တေးသီချင်းပေါင်းများစွာကို ရေးသားအောင်မြင်ခဲ့သလို ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာအဖြစ်သာမက ဓမ္မစာအုပ်ပေါင်းများစွာကို ရေးသားအောင်မြင်နေတဲ့ အနုပညာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့တဲ့ ဆရာမြသန်းစံ |
| View Detail Listen Song |
Presented By ဇွန်ဝေဖြိုး
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
| ဆရာမြသန်းစံရေ မင်္ဂလာပါရှင် |
| ဟုတ်ကဲ့ သမီးတို့ အခုခံစားသူအကြိုက် Popular Choice ဆိုတဲ့ အစီအစဉ်လေးအတွက်ပေါ့နော်။ ဆရာနဲ့ ဆရာငယ်ငယ်လေးထဲကနေ ဆရာခုချိန်ထိကြိုက်ခဲ့တဲ့ သီချင်းလေးတွေအကြောင်းကို ပြောပြချင်တယ် ဆရာရယ်။ အဲ့ဒီတော့ ဆရာရဲ့ရင်ထဲမှာလေ သီချင်းတွေနဲ့ပတ်သတ်ပြီးတော့ ခံစားချက်တွေ အများကြီးပဲရှိလိမ့်မယ်လို့ သမီးတို့ကထင်တယ်ဆရာရယ်။ |
| ရှိတယ်။ ဒီအစီအစဉ်လေးလုပ်မယ်လို့ အကြောင်းကြားလာတော့ ရွေးးရမယ့်သီချင်းတွေ စဉ်းစားလိုက်တာ ဒီအစီအစဉ်ကိုလဲအားနားတယ်ပေါ့နော် သီချင်းတွေအများကြီးရွေးဖြစ်တယ်။ ရွေးဖြစ်တော့ ဒါနဲ့သီချင်းတွေအားလုံးလဲလွှင့်လို့လဲ မရဘူးလေ။ ကိုယ်အကြိုက်ဆုံးသီချင်းလေးတွေပဲ ရွေးလိုက်တာပေါ့နော်။ အရွေးမခံရတဲ့သီချင်းတွေကို မကြိုက်ဘူးလားဆိုတော့ ကြိုက်တာပဲ။ ဒါပေမဲ့ ဒီအစီအစဉ်နဲ့ သင့်လျော်မယ့်ဟာလေးတွေကိုပဲ ရွေးလိုက်တာပေါ့နော်။ အဲ့ဒီတော့ မရွေးဖြစ်တဲ့ ဒီအစီအစဉ်ထဲမှာမပါတဲ့ သီချင်းပိုင်ရှင်လေးတွေလည်း စောစောစီးစီးထဲက ကြိုတင်တောင်းပန်ထားချင်တယ်။ |
| ဟုတ်ကဲ့ပါဆရာ ဟုတ်။ အဲ့ဒီလိုဆိုရင် ဆရာ ဒီအစီအစဉ်အတွက် ပထမဦးဆုံးသီချင်းလေးကို ဘယ်သီချင်းလေးကိုရွေးပေးမှာလဲ။ |
| အင်း ပထမဦးဆုံးက သီချင်းတွေအကြောင်းဆိုတော့ အခုဆရာက ဘ၀နှစ်မျိုးဖြစ်နေပြီလေ။ အတိတ်တုန်းက သီချင်းရေးဆရာ၊ စာရေးဆရာ ဘာညာပေါ့နော်။ အကုန်လုပ်ခဲ့တယ်။ အခုကျတော့ဓမ္မဆောင်းပါးတွေရေးနေတော့ အခုဒီအစီအစဉ်ပြောရမှာတောင်မှ နည်းနည်းရှက်သလိုလိုပဲ။ ဒါပေမယ့် ဒီအစီအစဉ်နဲ့ ပတ်သက်ပြီးတော့ သီချင်းလေးတွေရွေးရတော့မယ်ဆိုတော့ အတိတ်ကိုပြန်ခံစား ရမှာပေါ့နော်။ အတိတ်ဘ၀ထဲမှာ ဖြစ်ခဲ့ဖူးတဲ့စိတ်အစဉ်ပေါ့။ အဲ့ဒီစိတ်အစဉ်မှာကျင်လည်ခဲ့ဖူးတဲ့အာရုံတွေ အဲ့ဒီအာရုံတွေ အကြောင်းပြောတယ်လို့ပဲ သဘောထားပေးပါပေါ့နော်။ အဲ့ဒီအာရုံတွေထဲမှာ ပထမဦးဆုံး ဆရာ့စိတ်ထဲဝင်လာတာပေါ့ သီချင်းဆိုတာတော့ အရွယ်နဲ့ ခံစားမှုနဲ့အတွေးအခေါ်နဲ့ ဆိုင်မှာပေါ့။ အဲ့ဒီအရွယ် ဆရာအခု အသက်(၅၂)နှစ်ရှိပြီဆိုတော့ (၁၆)နှစ်အရွယ်မှာရှိခဲ့တဲ့ ခံစားမှုက အခု(၅၀)မှာ ခံစားမှုနဲ့ ဘယ်တူတော့မလဲ။ အဲ့ဒီတော့ ထုံးစံအတိုင်းပဲ (၁၆)နှစ်တုန်းကလည်း ဒီ(၅၀)မှာရှိနေတဲ့ အတွေးအခေါ်၊ အသိအမြင်မျိုးလည်း မရှိနိုင်ဘူးလေ။ အဲ့ဒီ(၁၆)နှစ်တုန်းက သိခဲ့တဲ့အတွေးခေါ်၊ အယူအဆ၊ ကျခဲ့တဲ့အာရုံတွေ ဒါတွေပဲပြောကြတာပေါ့နော်။ |