လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
| သရုပ်ဆောင်တစ်ယောက်မှသည် အောင်မြင်တဲ့ဒါရိုက်တာတစ်ယောက်ဖြစ်လာတဲ့အထိ အနုပညာ အားကောင်းလှတဲ့ ဒါရိုက်တာ ၀ိုင်းပဲဖြစ်ပါတယ်။ သူရိုက်တဲ့ကားတိုင်းဟာ သူများနဲ့မတူ တမူထူးခြားလှလို့ တင်ပြပုံသွက်လက်ကောင်းမွန်လှလို့ ပရိတ်သတ်များ အကြိုက်တွေ့သဘောကျနေတဲ့ဒါရိုက်တာဝိုင်းက ဘယ်လိုသီချင်းမျိုးလေးတွေ နားထောင်ဖြစ်နေလည်းဆိုတာ |
| View Detail Listen Song |
Presented By ဇွန်ဝေဖြိုး
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
| ညီမတို့ ဒီ Popular’s Choice အစီအစဉ်အတွက် အစ်ကိုငယ်ငယ်လေးကတည်းကနေပြီးတော့ အခုချိန်အထိ ကြိုက်ခဲ့တဲ့ သီချင်းလေးတွေရဲ့ အကြောင်းနဲ့ အစ်ကိုရဲ့အနုပညာလှုပ်ရှားမှုအကြောင်းလေးပေါ့။ အဲ့တာလေးကို နည်းနည်းလောက် မေးချင်တယ်အစ်ကို အဆင်ပြေနိုင်မလား မသိဘူး။ |
| ဒီအစီအစဉ်က သီချင်းလေးတွေအကြောင်းကို အဓိကထားပြီးတော့မေးတာဆိုတော့ အစ်ကို အရင်ကရော အခုချိန်မှာရောပေါ့နော်။ အစ်ကို ဘယ်လိုသီချင်းအမျိုးအစားလေးတွေကို အများဆုံးနားထောင်ဖြစ်လဲ။ |
| ကျွန်တော် ငယ်ငယ်လေးကတည်းက အဲ့လိုလေ စွဲစွဲမြဲမြဲနားထောင်ဖြစ်တာ Slow သီချင်းအေးအေး လေးတွေပေါ့နော်။ ပြီးတော့အဆွေးသီချင်းလေးတွေ များတယ်။ |
| အဆွေးသီချင်းဆို ဘယ်လိုသီချင်းမျိုးဖြစ်မလဲ အစ်ကို ပထမဆုံးတစ်ပုဒ်လောက်ရွေးပေးပါလား။ |
| ပထမဦးဆုံး တစ်ပုဒ်လောက်ဆိုရင် နည်းနည်း heart ထိတဲ့သီချင်းပေါ့နော်။ မဆုန်သင်းပါရ် ဆိုထားတဲ့ သံယောဇဉ်မပြတ်ဘူး။ |
| ဒီသီချင်းကကျတော့ သူရဲ့ဆက်ရန်အခွေထဲကနော်။ ဒီသီချင်းကို အစ်ကိုက heart ထိတယ်ဆိုတော့ ဘယ်လိုအကြောင်းအရာမျိုးတွေက အစ်ကိုကို heart ထိစေတာလဲ။ |
| ဒီလိုပါပဲ ငယ်ဘ၀တုန်းက အကြောင်းအရာလေးတစ်ခုကို ကိုမင်းချစ်သူက ကွက်တိသိထားလို့ ရေးနေသလိုပဲ။ အဲ့လိုဖြစ်လို့။ |
| ကဲ Popular’s Choice ပရိတ်သတ်ကြီးရေ ကိုဝိုင်းကို heart ထိစေခဲ့တဲ့သီချင်းလေးကို ကျွန်မတို့အတူတူနားထောင်ကြည့်ရအောင်။ |
ဆုန်သင်းပါရ် - သံယောဇဉ်မပြတ်ဘူး