လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
| ကာယအလှမယ်ဆုပေါင်းများစွာကို တပိုင်တနိုင်ကြီးရယူထားနိုင်တဲ့အပြင် အဆိုလောကမှာရော သရုပ်ဆောင်လောကမှာပါ နေရာတစ်နေရာ ရရှိလာပြီဖြစ်တဲ့ လင်းလက်ဆဲကြယ်တစ်ပွင့်ဖြစ်တဲ့ ခွန်းဆင့်နေခြည် |
| View Detail Listen Song |
Presented By ဇွန်ဝေဖြိုး
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
| ညီမတို့ရဲ့ Popular's Choice အစီအစဉ်အတွက် အမ ကိုဖိတ်ပြီးတော့သီချင်းလေးတွေအကြောင်း မေးရင်းနဲ့ အမရဲ့အနုပညာ အကြောင်းလေးလည်း မေးချင်တယ်။ |
| ဟုတ်ကဲ့မေးပါ ဖြေပေးပါ့မယ် |
| ဒီအစီအစဉ်မှာက အနုပညာနယ်ပယ်ထဲမှာရော တခြားစာပေဘက်မှာရော အောင်မြင်ထင်ရှားတဲ့လူတွေရဲ့ သူတို့တစ်တွေ ငယ်ငယ်လေးကနေ အခုချိန်ထိကြိုက်ခဲ့တဲ့ သီချင်းလေးတွေရဲ့အကြောင်းကို ပြောပြနေတဲ့အစီအစဉ်လေးပါ။ အဲ့တော့ အမ ဒီအစီအစဉ်အတွက်ဆိုရင် အမ အကြိုက်သီချင်းလေးတွေ အတော်များများရွေးထားပေးလားမသိဘူး။ |
| အမ ကြိုက်တဲ့သီချင်းတွေကတော့ အများကြီးပဲ။ ဒါပေမယ့် အဲ့ဒီအထဲကမှ နည်းနည်းပေါ့နော်။ အကြိုက်ဆုံးလေးတွေကို Choice လုပ်ပေးထားပါတယ်။ |
| ဒါဆိုလို့ရှိရင် အရင်ဦးဆုံး အမရဲ့အနုပညာအကြောင်းလေးတွေကို သိချင်တယ်။ အဲ့တော့အမ ဒီအနုပညာလောကထဲကို ဘယ်နှစ်ခုနှစ်လောက်တုန်းက ၀င်လာခဲ့တာလဲ။ |
| အနုပညာထဲကို သေချာလုပ်ဖြစ်တာကတော့ ၅ နှစ်လောက်တော့ရှိပါပြီ။ ဒါပေမယ့် အမက အရင်က ကာယအလှမယ်ပြိုင်တာ ဆိုတော့ ကာယအလှမယ်ပြိုင်တုန်းကတည်းကပေါ့နော်။ အနုပညာလုပ်ငန်းကို လုပ်မယ်လို့ စိတ်ကူးရည်ရွယ်ချက်မရှိဘဲနဲ့ လုပ်ဖြစ်ခဲ့တယ်။ အဲ့တုန်းကကာယအလှမယ်ပြိုင်ပွဲမှာ လာကြည့်တဲ့ဒါရိုက်တာတွေ အများစုက သူတို့ဒီကြော်ငြာတို့၊ wallsheet တို့ အမကို ခေါ်သုံးဖူးပါတယ်။ အဲ့ဒီအတွက် အမ အဲ့တုန်းကတည်းက ကာယအလှမယ်လုပ်ကတည်းကိုက အမက အနုပညာလုပ်ငန်းနဲ့ ရင်းနှီးခဲ့တာပေါ့နော်။ ဒီသရုပ်ဆောင်လုပ်ငန်း၊ အနုပညာလုပ်ငန်းကို ထဲထဲဝင်ဝင်လုပ်ဖြစ်တာကတော့ ၅ နှစ်ကျော်ကျော် လောက်တော့ ရှိပြီ။ |
| ဒါဆိုလို့ရှိရင် ကာယအလှမယ်ပြီးတာနဲ့ သရုပ်ဆောင်ဘက်ကို ချက်ခြင်းပဲရောက်ခဲ့တာလားအမ။ အဆိုတော်ကျတော့ ဘယ်နှစ်ခုနှစ်လောက်မှာ စပြီးတော့ဆိုဖြစ်သွားတာလဲ။ သီချင်းတွေဆိုတာက |
| သီချင်းဆိုတာက အမ ပထမစီးရီးကို ၂၀၀၀ ခုနှစ်လောက်က ထွက်တာ။ ပြီးတော့ ၂၀၀၁၊ ၂၀၀၂ မှာဒုတိယစီးရီးထွက်တယ်။ ဘိုဘို၊ ဂရေဟမ်နဲ့ပေါ့နော်။ နှစ်ယောက်တွဲထွက်တယ်။ |