Home
 Popular's Choice
 Yinkhonthan
 Music Star
 Song of the Week
 World of Song
 Shameful Feeling
 About Dream
 Celebrities
 Horoscope
 Fan Club
 Image Gallery
 Top 20
 Song Request
 Download
 Send to Friend
 Member
 Contact Us
 Login
Visitor Statistics
Total Count: 482955
Yinkhonthan FM | Myanmar Music Entertainment
Yinkhonthan FM | Myanmar Music Entertainment
ရင်ခုန်သံ Tarot ဟောစာတမ်း (၁.၁၁.၂၀၀၈ မှ ၃၀.၁၁.၂၀၀၈ အထိ)

ဤလအတွင်း သင်သည် အတိုက်အခံ၊ အပြိုင်အဆိုင်များနှင့် ကြုံတွေ့ရပါလိမ့်မယ်။ ဦးတည်လိုက်တိုင်း အနှောက်အယှက်များနှင့် တွေ့ကြုံရတတ်ပါတယ်။ လုပ်ငန်းခွင်တွင် မိမိအားစောင့်ကြည့်နေသူများ၊ အ တိုက်အခံလုပ်လိုသူများ ရှိနေလိမ့်မယ်။ အလုပ်နှင့်ပတ်သက်၍ နှစ်ကြိမ်နှစ်ခါကြိုးစားပြီးမှ အောင်မြင်မှု များရရှိပေလိမ့်မယ်။ အချစ်ရေးတွင် ချစ်သူအားမကြခဏဆိုသလို စိတ်ကောက်၍ ချော့ရတတ်သည်။ ချစ်သူမရှိသေးသူများ မိမိချစ်သောသူကို မိမိနှင့်အပြိုင်လိုက်နေသောသူ တစ်ယောက်ရှိနေလိမ့်မယ်။ ငွေ ရေးကြေးရေးနှင့် ပတ်သက်၍ အဆင်ပြေပါလိမ့်မယ်။ ယာဉ်၊ ကားအန္တာရယ်ရှိတတ်ပါတယ်။ ကျန်းမာ ရေးနှင့် ပတ်သက်၍ ခြေ၊ လက်တို့တွင် ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ မိမိနှင့် သူငယ်ချင်းများကြားတွင် အငြင်းအခုန်များ မကြာခဏဆိုသလို ပြုလုပ်ရပေလိမ့်မယ်။ အထူးသတိပေးလိုသည်မှာ ဤလအတွင်း မည်သို့သော အခက်အခဲများပင် ကြုံတွေ့ရပါစေ မလျော့သောစိတ်ဖြင့် ဆုံးခန်းတိုင်အောင် ဆောင် ရွက်သင့်ပေသည်။
မကောင်းတာများပျောက်၍ ကောင်းတာများရောက်စေရန်အတွက် သမီးရည်းစားနှစ်ယောက်ကို Fancy ဆွဲကြိုး တစ်ကုံးလက်ဆောင်ဝယ်ပေးလိုက်ပါ။

ဤလသည် သင့်အတွက် အထူးကောင်းမွန်သော လတစ်လဖြစ်ပါတယ်။ ကြံစည်ဆောင်ရွက်သမျှသော ကိစ္စရပ်များအားလုံး အောင်မြင်မှုရရှိပေလိမ့်မယ်။ သူတစ်ပါးကပင် မနာလိုလောက်အောင် အောင်မြင်မှု များရရှိပေလိမ့်မယ်။ ထိုသို့အောင်မြင်မှုများ နှစ်ကြိမ်တိုင်တိုင် သင်ရရှိခံစားရပေလိမ့်မယ်။ ခရီးထွက်ရ ခြင်း ရှိမည်။ အလုပ်တွင် နာမည်ကောင်းရခြင်း၊ ရာထူးတိုးခြင်း၊ လစာတိုးခြင်းများ ရှိမည်။ အလုပ်နှင့် ပတ်သက်၍ အသိမိတ်ဆွေကောင်းများ တိုးမည်။ အလုပ်တိုးချဲ့ခြင်း၊ အလုပ်သစ်စတင်ခြင်းတို့ ဤလ တွင် ပြုလုပ်ဆောင်ရွက်သင့်ပါတယ်။ အချစ်ရေးနှင့် ပတ်သက်၍ ချစ်သူကြောင့် မိမိစိတ်ချမ်းသာရပေ လိမ့်မည်။ ချစ်သူမရသေးသူများ ချစ်သူအသစ်ရရှိပေလိမ့်မည်။ ကျန်းမာရေးနှင့် ပတ်သက်၍ နှာစေး၊ ချောင်းဆိုးပင် မဖြစ်လောက်အောင် ကျန်းမာနေပေလိမ့်မယ်။ သမားကောင်း၊ ဆေးဝါးကောင်းများနှင့် သင်တွေ့ရပေလိမ့်မည်။ အထူးသတိပေးလိုသည်မှာ ဤလအတွင်း မည်သည့်ကိစ္စကိုမဆို ရဲရဲတင်းတင်း ဖြင့် ဆောင်ရွက်သင့်ပေသည်။ ကံကောင်းသောအချိန်ဖြစ်သဖြင့် ဥာဏ်နှင့် ၀ိရိယကို အထူးအားစိုက် သင့်ပေသည်။
မကောင်းတာများပျောက်၍ ကောင်းတာများရောက်စေရန်အတွက် နေကောင်းခါစ လူတစ်ယောက်ကို သင်ကြိုက်တာတစ်ခုခု ၀ယ်ကျွေးလိုက်ပါ။

ဤလအတွင်း သင်သည် မည်သည့်ကိစ္စတွင်မဆို ခေါင်းဆောင်ကာ လုပ်ကိုင်ရပေလိမ့်မည်။ ဆရာ ကောင်း၊ တပည့်ကောင်းများနှင့်တွေ့ဆုံရတတ်ပါတယ်။ လျှို့ဝှက်သောကိစ္စရပ်များကို ဆောင်ရွက်ရလိမ့် မည်။ အလုပ်အကိုင်နှင့်ပတ်သက်၍ ရာထူးတိုးခြင်း၊ အလုပ်သမားအသစ်များ မိမိ၏လုပ်ငန်းခွင်ထဲသို့ ရောက်လာခြင်းများ ရှိလိမ့်မည်။ အလုပ်နှင့်ပတ်သက်သောကိစ္စရပ်များကို မိမိကဦးဆောင်ကာ ဖြေရှင်း ရပေလိမ့်မည်။ ငွေရေးကြေးရေးနှင့် ပတ်သက်၍ အတန့်အသင်သာ ရရှိပေလိမ့်မယ်။ ခြိုးခြံပြီး သုံးစွဲသင့် ပါတယ်။ အချစ်ရေးနှင့် ပတ်သက်၍ အနည်းငယ်အနှောက်အယှက်ရှိသည်မှအပ တစ်ခြားသောကိစ္စများ မရှိနိုင်ပေ။ သို့သော် ချစ်သူနှင့် အနေဝေးနေပေလိမ့်မည်။ ချစ်သူမရှိသေးသူများ ချစ်သူထံမှအဖြေရရန် စောင့်ရပေအုံးမည်။ ကျန်းမာရေးနှင့် ပတ်သက်၍ ခေါင်းမကြာခဏ ကိုက်တတ်ပါတယ်။ အထူးသတိပေး လိုသည်မှာ ဤလအတွင်း သီလ၊ သမာဓိ၊ ပညာဆိုသကဲ့သို့ မည်သည့်ကိစ္စကိုမဆို မှန်ကန်စွာဆုံးဖြတ် ၍ လုပ်ဆောင်ရန်လိုအပ်လှပေသည်။
မကောင်းတာများပျောက်၍ ကောင်းတာများရောက်စေရန်အတွက် သီလရှင်တစ်ပါးအား ငွေလှုဒါန်း လိုက်ပါ။

ဤလအတွင်း သင်သည် အတိုက်အခံ၊ အနှောက်အယှက်များနှင့် တွေ့ဆုံရပေလိမ့်မည်။ မိမိအား ကူညီ မလိုနှင့် ချောက်ချသူများ၊ ဒုက္ခပေးသူများနှင့် တွေ့ဆုံရတတ်ပါတယ်။ တစ်ခြားသူများ၏ ပြဿနာများ ကိုလည်း ကူညီကာဖြေရှင်းပေးရတတ်ပါတယ်၊ အလုပ်အကိုင်နှင့် ပတ်သက်၍ အလုပ်တွင် မိမိအား အ နှောက်အယှက်ပေးသူများ ရှိပေလိမ့်မည်။ လုပ်ဖော်ကိုင်ဖက်များအချင်းချင်း စိတ်ဝမ်းကွဲတတ်ပါတယ်။ ငွေရေးကြေးရေးနှင့် ပတ်သက်၍ သူတစ်ပါး၏စကားကိုယုံကာ ငွေချေးခြင်း၊ ရင်းနှီးမြုပ်နှံခြင်းတို့ မပြုလုပ် သင့်ပေ။ ချစ်သူကြားတွင် ဘေးစကားကြောင့် သောကရောက်ရတတ်ပါတယ်။ ထို့ကြောင့် မည်သည့်ပြ ဿနာမဆို ဘေးစကားကိုမယုံကြည်ပဲ ချစ်သူအချင်းချင်းတိုင်ပင်ကာ ဖြေရှင်းသင့်ပေသည်။ ကျန်းမာ ရေးနှင့် ပတ်သက်၍ ဗိုက်နာ၊ ဗိုက်အောင့်ခြင်း ဖြစ်တတ်ပါတယ်။ သတိထားသင့်ပေသည်။ အထူးသတိ ပေးလိုသည်မှာ ဤလအတွင်း မည်သည့်ကိစ္စကိုမဆို တစ်ဦးတည်းဆုံးဖြတ်ကာ ဆောင်ရွက်သင့်ပေ သည်။
မကောင်းတာများပျောက်၍ ကောင်းတာများရောက်စေရန်အတွက် သက်ကြီးရွယ်အိုတစ်ဦးဦးကို ဆေး ၀ါးဒါနပြုလုပ်လိုက်ပါ။

ဤလအတွင်း သင်သည် ဘာသာရေးနှင့် ပတ်သက်သည်များကို လုပ်ဆောင်ဖြစ်လိမ့်မည်။ လူအများ၏ အားကိုးခြင်း၊ အကူအညီတောင်းခံခြင်းတို့ ကြုံတွေ့ရပေလိမ့်မည်။ အလုပ်အကိုင်နှင့် ပတ်သက်၍မူ အစ စ အရာရာ လူကြီးနေရာမှနေ၍ ဆောင်ရွက်လုပ်ကိုင်ရပေလိမ့်မည်။ အောက်လက်ငယ်သားများ၊ လုပ် ဖော်ကိုင်ဖက်များကြောင့် အောင်မြင်မှုများ ရရှိပေလိမ့်မည်။ ငွေကြေးနှင့်ပတ်သက်၍ ထင်သလောက် မ၀င်ဘဲ ဖြစ်နေလိမ့်မည်။ သို့သော်တစ်ပါးသူထံမှ မိမိထံသို့ လက်ဆောင်ပစ္စည်းများ ပေးခြင်းခံရှိတတ်ပါ တယ်။ အချစ်ရေးနှင့် ပတ်သက်၍ ပုံမှန်အတိုင်းရှိပေလိမ့်မည်။ ချစ်သူမရှိသေးသူများ ချစ်သူရရှိရန် အ ချိန် အနည်းငယ်ယူရပေလိမ့်မည်။ ကျန်းမာရေးနှင့် ပတ်သက်၍ လက်တွင်ထိခိုက်ဒဏ်ရာရခြင်း၊ ခေါင်း မူး၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ဤလအတွက် အထူးသတိပေးလိုသည်မှာ မည်သည့်ကိစ္စမ ဆို မှန်မှန်ကန်ကန်နှင့် လမ်းရိုးအတိုင်းလိုက်၍ ဆောင်ရွက်သင့်ပေသည်။
မကောင်းတာများပျောက်၍ ကောင်းတာများရောက်စေရန်အတွက် မိမိတတ်နိုင်သလောက် ငွေပမာဏ ကို ပံသကူစွန့်ပြစ်လိုက်ပါ။

သင်သည် ဤလအတွင်း အမျိုးသမီးများကြောင့် အောင်မြင်မှုများ ရရှိနိုင်သောကာလ ဖြစ်ပါတယ်။ အစ စ အရာရာ အဆင်ပြေချောမွေ့ပေလိမ့်မည်။ အလုပ်အကိုင်နှင့် ပတ်သက်၍ အမျိုးသမီးလုပ်ဖော် ကိုင် ဖက်များနှင့် အတူတွဲ၍ လုပ်ကိုင်ပါက အောင်မြင်မှုများ ယခင်ကထက် ပိုမို၍ရရှိနိုင်ပါတယ်။ အလုပ်အ ကိုင်သစ်များ လုပ်ကိုင်ရတတ်ပါတယ်။ အလုပ်ပြောင်းခြင်း၊ အလုပ်သစ် လုပ်ကိုင်ခြင်းတို့ အဆင်ပြေ အောင်မြင်နိုင်ပါတယ်။ အချစ်ရေးနှင့် ပတ်သက်၍ အနှောက်အယှက်မရှိဘဲ ပန်းခင်းသောလမ်းကို လျှောက်ရတတ်ပါတယ်။ ချစ်သူမရှိသေးသူများ ဤလအတွင်း ချစ်သူရနိုင်ပါတယ်။ ငွေကြေးနှင့် ပတ် သက်၍ ၀င်ငွေများတိုးလာပေလိမ့်မည်။ ရစရာရှိသည်များ ပြန်လည်၍ရလာပေလိမ့်မည်။ ကျန်းမာရေး နှင့်ပတ်သက်၍ ခါးနာတတ်သည်မှအပ တစ်ခြားသောစိုးရိမ်စရာများ မရှိပေ။ ၀မ်းသာစရာ သတင်းတစ် ခုမှာ မိမိပတ်ဝန်းကျင်တွင် ကိုယ်ဝန်ရှိကြောင်း သတင်းကြားရတတ်ပါတယ်။ ဤလအတွက် အထူးသတိ ပေးလိုသည်မှာ မိမိ၏မိခင် သို့မဟုတ် အမျိုးသမီးသူငယ်ချင်းမိတ်ဆွေတို့၏ အကြံဥာဏ်အတိုင်း လိုက် နာဆောင်ရွက်သင့်ပေသည်။
မကောင်းတာများပျောက်၍ ကောင်းတာများရောက်စေရန်အတွက် အင်္ဂါထောင့်တွင် ကြက်သားဖြင့် ပြုလုပ်ထားသော မုန့် ၇ ခု ကပ်လှူလိုက်ပါ။

ဤလသည် သင့်အတွက် စိတ်နှင့်လူနှင့် မကပ်သောကာလဖြစ်ပါတယ်။ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ် တတ်ပါတယ်။ ဟိုဟာလုပ်ရမလို၊ ဒီဟာလုပ်ရမလိုနှင့် ဒွိဟ ဖြစ်နေလိမ့်မည်။ အလုပ်အကိုင်နှင့် ပတ် သက်၍ လုပ်စရာလုပ်ငန်းများ များလွန်း၍ မည်သည်ကို စလုပ်ရမှန်း မသိဘဲဖြစ်တတ်ပါတယ်။ လုပ်သမျှ ကိစ္စတိုင်း အလွဲလွဲအချော်ချော် ဖြစ်တတ်ပါတယ်။ အလုပ်သစ်စတင်ခြင်း၊ အလုပ်ပြောင်းခြင်းများ ဤလ အတွင်းတွင် မပြုလုပ်သင့်ပေ။ ငွေကြေးနှင့် ပတ်သက်၍ ရသမျှငွေများ စုဆောင်းလို့ မရနိုင် လောက် အောင် ဆီလိုအပေါက်ရှာပြီး ထွက်တတ်ပါတယ်။ ငွေကြေးချေးငှားခြင်းများလည်း မပြုလုပ် သင့်ပေ။ အချစ်ရေးနှင့် ပတ်သက်၍ မကြာခဏစိတ်ကောက်တတ်သော ချစ်သူကြောင့် စိတ်ညစ်ရ တတ်ပါတယ်။ ဟိုကိုချစ်ရမလို၊ ဒီကိုချစ်ရမလိုနှင့် ဗျာများတတ်ပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်၍ ခြေထောက်တွင် ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ သတိထားရမည်မှာ ခွေးကိုက်ခံရတတ်ပါတယ်။ ဤလအတွင်း အထူး သတိပေးလိုသည်မှာ မည်သည့်ကိစ္စကိုမဆို ရည်ရွယ်၍လုပ်ကိုင်ခြင်းထက် ဖြစ်ပေါ်လာ သည့်အနေအ ထား အပေါ်မူတည်၍ လုပ်ဆောင်သင့်ပါတယ်။
မကောင်းတာများပျောက်၍ ကောင်းတာများရောက်စေရန်အတွက် တန်ခိုးကြီးဘုရားတစ်ဆူရှိ မွေးနံ ထောင့်တွင် ရေသက်စေ့လှူလိုက်ပါ။

ဆရာကြီးမင်သိင်္ခ၏ တပည့်ရင်း
ဆရာတင်အောင်လွင်
သင့်ရဲ့ခံစားချက်တွေကို ကိုယ်စားပြုတဲ့ သီချင်းတွေကို အများဆုံး သီဆိုပေးခဲ့တဲ့ အဆိုတော်က
 R ဇာနည်
 L ဆိုင်းဇီ
 L လွန်းဝါ
 စိုင်းစိုင်းခမ်းလှိုင်
 ရဲလေး
 ဇော်ပိုင်
 ရှင်ဖုန်း
 မျိုးကြီး
 နောနော်
 ခင်ဘုဏ်း
 အခြား
Result
Yinkhonthan  |  Popular's Choice  |  Image Gallery  |  Top 20  |  Download  |  Contacts Us
Copyright © 2008 Web Solution. All rights Reserved.