• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - မျောလွင့်နေတဲ့တိမ်
Song Title - ချစ်ခွင့်ရချင်ပြီ
Vocalist - ကောင်းမြတ်
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
ဒီသီချင်းထဲကလို ခံစားချက်မျိုး ညီမမှာ မရှိပါဘူး။ ဒါပေမယ့် သီချင်းလေးက နားထောင်လို့ကောင်းတယ်။ VCD ထဲကအရုပ်တွေကလည်း အရမ်းကိုကြည့်လို့ကောင်းပါတယ်။
Posted By မစုစုအောင် (တာမွေ )
ဒီသီချင်းထဲကလိုပဲ ကျွန်တော့်ရဲ့ကောင်မလေးဆီက အချစ်ကိုရဖို့ မျှော်လင့်နေတာပါ။ သီချင်းထဲက စာသားတွေက ကျွန်တော့်ရဲ့ခံစားချက်နဲ့ ထပ်တူကျနေပါတယ်။
Posted By မောင်ဝေလွင်ဦး (တာမွေ )
ကျွန်မက ဒီသံစဉ်လေးကို တရုတ်သံစဉ်မှာကတည်းက ရင်းနှီးပြီးသားပါ။ မြန်မာသီချင်းလေး ထွက်လာတော့လည်း အရမ်းကိုနားထောင်ကောင်းလို့ ကြိုက်မိပါတယ်။
Posted By မအေးသီတာ (စမ်းချောင်း )
ဒီသီချင်းက နားထောင်လို့ကောင်းပြီး စွဲဆောင်မှုကောင်းတဲ့သီချင်းလေးပါ။ သီချင်းလေးကို တစ်ခါနားထောင်မိသွားရင် ခဏခဏပြန်ပြီးနားထောင်ချင်နေပါတယ်။
Posted By ချစ်ဖူး (ဝေဇယန္တာ Shopping Center )