တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - ရှိနေမယ်
Song Title - အတိတ်ရဲ့ ရင်ခွင်
Vocalist - ဟန်ထွန်း
Song Title - အတိတ်ရဲ့ ရင်ခွင်
Vocalist - ဟန်ထွန်း
![]() |
![]() |
![]() |
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
လူတိုင်းမှာ အတိတ်ကဒဏ်ရာကိုယ်စီ ရှိနိုင်ပါတယ်။ ဒီသီချင်းလေးကို နားထောင်လိုက်လို့ရှိရင်လည်း ကျွန်တော့်ရင်ထဲက အတိတ်ကဒဏ်ရာတစ်ခုကို သတိရလာမိပါတယ်။
Posted By မောင်လပြည့် (သင်္ဃန်းကျွန်း )
ဒီသီချင်းရဲ့ သံစဉ်က အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတယ်။ နောက် ဟန်ထွန်းရဲ့အသံကလည်း ထူးခြားလို့စိတ်လှုပ်ရှားစရာကောင်းတယ်။
Posted By ကိုသော်သော် (ကျောက်တံတား )
ဒီသီချင်းလေးကို နားထောင်လိုက်လို့ရှိရင် ငယ်ငယ်တုန်းက အဖြစ်အပျက်လေးတွေကို သတိရလာမိပါတယ်။ ညီမမှာလည်း ဟန်ထွန်းလိုပဲ အတိတ်ကရင်ခွင်တစ်စုံ ရှိပါသေးတယ်။
Posted By မနီလာစိုး (တာမွေ )


