• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - နှစ်ပတ်လည်တို့၏ ရင်ခုန်သံ CityFM 6th Anniversary
Song Title - လိမ်ဖယ်လိမ်ဖယ် စိန်အိုးစည်
Vocalist - သားစိုး၊ ဖိုးချစ်၊ ဗေဒါမောင်အဖွဲ့
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
ဒီသီချင်းလေးက ထူးခြားတာပေါ့နော်။ ဗမာသံစဉ်လည်းဖြစ်တယ်။ အရမ်းလည်းမြူးတယ်ဆိုတော့ ထူးခြားချက်ကြောင့် ကြိုက်တာပါ။ ကျွန်တော်က ကိုသားစိုးရဲ့ Hip Hop ကိုလည်းကြိုက်တယ်။ ကိုဖိုးချစ် မြူးမြူးကြွကြွကတာလေးကိုလည်း ကြိုက်တယ်။ အဲ့နှစ်ခုပေါင်းစပ်လိုက်တော့ ပိုပြီးတော့ကြိုက်သွားတယ်။ နောက်ပြီးတော့သူတို့နှစ်ယောက်ရဲ့ Performance ကလည်း အရမ်းကောင်းတဲ့အတွက်ကြောင့် ကြိုက်သွားတာ။ နောက်ပြီးတော့ ဗမာသံစဉ်နဲ့မြူးမြူးကြွကြွလေး ဖန်တီးထားတဲ့သီချင်းမျိုးတွေကို ကြားချင်မြင်ချင်ပါသေးတယ်။
Posted By မောင်စိုးဝင်းအောင် (မင်္ဂလာတောင်ညွန့်)
ဒီသီချင်းသံလေးက ကြားရတာနဲ့ကို စိတ်ကိုမြူးကြွစေတယ်ပေါ့နော်။ အထူးသဖြင့် မြန်မာ့ဆိုင်းဝိုင်းနဲ့ ရွှေအိုးစည်အကကို ထည့်ပြီးသုံးထားတော့ နားထောင်ရတာ စိတ်ကိုပေါ့ပါးစေတယ်ပေါ့နော်။ ကျွန်တော်ကတော့ အဲ့လိုခံစားရတာပဲ။ ကိုဖိုးချစ်တို့ကတာနဲ့လည်း လိုက်ဖက်တယ်။ ပြီးတော့ ကိုသားစိုးရဲ့ Rap စာသားတွေကလည်း မိုက်တယ်။ သူဟာနဲ့သူ အဆင်ပြေတယ်။ အဲ့ဒါကြောင့်မို့လို့ ကြိုက်တယ်။
Posted By မခင်မျိုးသန့်
သီချင်းလေးရဲ့သံစဉ်ကို အဓိကကြိုက်နှစ်သက်လို့ပါ။ ဖိုးချစ်ရဲ့သီဆိုဟန်နဲ့ ကဟန်ကိုလည်း ကြိုက်တယ်။ Hip Hop နဲ့ မြန်မာသံရောထားတယ်ဆိုတော့ ညီမအတွက် အသစ်အဆန်းတစ်ခုဖြစ်နေလို့ ရွေးပေးရတာပါ။
Posted By အိသဇင် (ရန်ကင်း)
အခုခေတ်ပေါ်သံစဉ်နဲ့ မြန်မာသံစဉ်ပေါင်းပြီးဆိုထားတဲ့ဒီသီချင်းက နားထောင်ရတာ အရမ်းကိုမြူးကြွပါတယ်။ သီချင်းစပ်ထားတာကလည်း အရမ်းကိုပီပြင်လွန်းတယ်။ သံစဉ်နဲ့ စာသားကလည်း အရမ်းကိုကောင်းတယ်။
Posted By မချစ်ချစ်ဇော် (စမ်းချောင်း)
ဒီသီချင်းလေးကို ရွေးပေးရတာက ဖိုးချစ်ရဲ့အနုပညာကိုလေးစားလို့ပါ။
Posted By မနွယ်နွယ်ဝင်း (မရမ်းကုန်း)
သီချင်းက ပေါ့ပေါ့ပါးပါးနဲ့ မြူမြူးလေးမို့လို့ အရမ်းကြိုက်ပါတယ်။ နားထောင်လိုက်တာနဲ့ စိတ်ထဲမှာပေါ့သွားပြီးလန်းဆန်းသွားပါတယ်။
Posted By အိသဉ္ဖာလွင် (တာမွေ )