• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - တရုတ်တန်း
Song Title - နင်မေ့လို့ရပြီလား
Vocalist - Ah-Boy၊ ကြက်ဖ
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
သီချင်းရဲ့စာသားတွေက အရမ်းကိုကာရန်ညီတယ်။ အဲ့ဒီစာသားတွေထဲမှာ ကျွန်မ သတိထားမိတာက ထောက်ပြ၊ ပျောက်ရှ၊ ပေါက်ကရ၊ နောက်ကျ၊ မလောက်င၊ တောင်းတ အဲ့လိုစကားလုံးလေးတွေက အရမ်းကိုကာရန်ညီသလို ဆိုလို့လည်းကောင်းတယ်
Posted By မချိုချိုပြုံး (လှည်းတန်း )
ကျွန်တော့်ဘ၀နဲ့တကယ်တိုက်ဆိုင်လို့ပါ။ အဲဒီသီချင်းထဲကအတိုင်းပဲ အပြင်ကကောင်မလေးကိုလည်းပြောပြချင်တယ်။ ဒါကြောင့်ဒီသီချင်းလေးကို ကြိုက်နှစ်သက်ခြင်းဖြစ်ပါတယ်။ ပြီးတော့ဒီသီချင်းလေးအတိုင်းပဲ သူ့ကိုမေ့လို့မရအောင် သိပ်ချစ်နေမိပါတယ်။
Posted By အောင်ရဲထက် (စမ်းချောင်း)