• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - Years 25th မေခလာ
Song Title - ပန်းချစ်သူ
Vocalist - မေခလာ
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
တိတ်ဆိတ်ငြိမ်သက်တဲ့ညတစ်ညမှာ လေပြေညှင်းလေးသက်ဆောင်လာတဲ့ရနံ့တစ်ခုသင်းပျံစွာရခဲ့သလို ရင်ထဲမှာလဲသင်းပျံတဲ့အချစ်တစ်ခုရခဲ့ပါတယ်။
Posted By ၀တ်မှုံချို (တာမွေ)
ဒီသီချင်းလေးကို နားထောင်လိုက်ရတဲ့အခါမှာ ငယ်ငယ်တုန်းကကြည့်ဖူးတဲ့ ဒဏ္ဍာရီကားလေးကို မျက်လုံးထဲမှာပြန်မြင် ယောင်လာပါတယ်။ သီချင်းလေးကို နားထောင်လိုက်တိုင်း တစ်ခုခုကိုဆွေးမိသလိုခံစားမှုလေးဖြစ်လာတယ်။
Posted By မအေးသီတာ (မြောက်ဥက္ကလာ)
သီချင်းရဲ့စာသားလေးတွေကို အရမ်းကြိုက်တယ်။ နားထောင်လိုက်တဲ့အခါတိုင်း ပြောမပြနိုင်လောက်အောင် ၀မ်းသာပီတိဖြစ်မိပါတယ်။
Posted By စိုးစိုးသန်း (မင်္ဂလာတောင်ညွန့်)