• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - သံစဉ်များနဲ့ ကမ္ဘာ Melody World
Song Title - နောက်ဆုတ်ဖို့ကြိုးစားရင်း
Vocalist - ထက်နေကြည်
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
ပရိတ်သတ်တွေက အားပေးတဲ့အတွက် ၀မ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ တစ်ပုဒ်ထဲနဲ့ ဒီလောက်ကြီးပရိတ်သတ် လက်ခံလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ဘာလို့လဲဆိုတော့အစဉ်အလာလည်း မရှိဘူးလေ။ ဒါကိုယ်ကံကောင်းတယ်လို့ပဲ ပြောရမှာပေါ့။ အဲ့လိုအားပေးတဲ့ပရိတ်သတ်တွေကိုလည်း တကယ်ကျေးဇူးတင်ပါတယ်။
Posted By ထက်နေကြည် (အဆိုတော်)
ဒီသီချင်းလေးက ညီမရဲ့အဖြစ်အပျက်နဲ့အရမ်းကိုတိုက်ဆိုင်နေတယ်။ ညီမရဲ့ချစ်သူကိုအရမ်းချစ်ပေမယ့် ရှေ့ဆက်တွဲဖို့ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းကိုလည်း ကောင်းကောင်းသိနေပါတယ်။ ကိုထက်နေကြည်ဆိုထားတဲ့ သီချင်းထဲကအတိုင်းပါပဲ။ နောက်ဆုတ်ဖို့ကြိုးစားနေပေမယ့် ရှေ့ကိုပဲဆက်ဆက်ပြီးတိုးမိသလို ဖြစ်နေတယ်။
Posted By မမျိုးမြတ်သူ (တာမွေ)
အကောင်းဆုံးကတော့ ကိုယ်မှမပြတ်နိုင်တာ။ ဒီဝဋ်တွေရှိလို့ ခံရတယ်လို့ပဲ မှတ်ရမှာပေါ့။ ကျွန်တော်လည်းအဲ့ဒီဝဋ်တွေကို အခုထက်ထိမကုန်သေးဘူး။ အဲ့ဒါကြောင့်နှစ်သိမ့်ဖို့ရာ အားမရှိဘူးဖြစ်နေတာ။
Posted By ထက်နေကြည် (အဆိုတော်)
ဒီသီချင်းလေးကို နားထောင်လိုက်တဲ့အချိန်တိုင်း မျက်ရည်ကျလောက်အောင်ကို ခံစားရပါတယ်။
Posted By ကျော်စွာ (မဂ်လာဒုံ)
ကျွန်တော်က မျက်ရည်တော့မကျပါနဲ့ဗျာ။
Posted By ထက်နေကြည် (အဆိုတော်)
ဒီသီချင်းလေးနဲ့ ပတ်သက်ပြီးတိုက်ဆိုင်နေတဲ့လူတွေများနေလို့လည်း ကျွန်တော့်ကိုအခုလိုအားပေးကြတာလို့ ကျွန်တော် သတ်မှတ်ထားပါတယ်။ ။ ဒါပေမယ့်ဒီသီချင်းလိုပုံစံမျိုးခံစားနေရတဲ့လူတွေ အမြန်ဆုံးခံစားနေရတာတွေ ပျောက်ပါစေ။ အဆင်ပြေကြပါစေ ကျွန်တော်ဆုတောင်းပေးချင်ပါတယ်။
Posted By ထက်နေကြည် (အဆိုတော်)